ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဒေါပုံ ဇန်နဝါရီ ၂၄

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ဒေါ်ဇင်ဇင်မော်က စာရေးဆရာကျော်ဝင်းရေးသားသော နှစ်ဆယ့်တစ်ရာစုသားရွှေဥစာအုပ်ဖြင့် အနာဂတ်လူငယ်များအတွက် တစ်ဦးချင်းကိုယ်ရည်ကိုယ်သွေး ဖွံဖြိုးတိုးတက်စေရေးနည်းလမ်းများ၊ လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ လူငယ်များတွင် မွေးမြူထားရမည့် အလေ့အကျင့်ကောင်းများ၊ ဘဝတွင် အောင်မြင်တိုးတက်ရေးအတွက် လုပ်ဆောင်သင့်သည့်အချက်များနှင့် ပတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ် နိုးသူများက စာအုပ်ပါ အကြောင်းအရာများအပေါ် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)