နမ့်စန်တွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အဟာရပြည့်နွားနို့နှင့်ကြက်ဥတိုက်ကျွေး

နမ့်စန်(တ) ဇန်နဝါရီ ၂၄

ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီးဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့်လူငယ်လူရွယ်များဖြစ်လာစေရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Sunjin Myanmar Companyနှင့် မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းတို့ ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်နွားနို့နှင့်ကြက်ဥတိုက်ကျွေးရေး အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာရှိအခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ရာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ Mဇော်မိုင်နှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်က School Milk Programme ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက်  ဗိုလ်ချုပ်စိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်အောင်၊ ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မိုးရိပ်ရှမ်းတောင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းနှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို အာဟာရနွားနို့နှင့် ကြက်ဥများအသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဗိုလ်ချုပ်စိုးအောင်နှင့်  တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥများအား လိုက်လံပေးဝေခဲ့ကြပြီး စာသင်ဆောင်များအတွင်း လိုက်လံကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါSchool Milk Program တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၀)ဦးကို အာဟာရနွားနို့ (၄၅)ပိဿာနှင့် ကြက်ဥ(၄၅၀)လုံးတို့ကို ကျွေးမွေးနိုင်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)