မိုင်းတုံမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ

မိုင်းတုံ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ယမန်နေ့နံနက် ၉ နာရီအချိန်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်ဖြင့် မိုင်းတုံမြို့နယ်၊ ဝမ်မိုင်ရပ်ကွက်တွင် စတင်ကွင်းဆင်းကောက်ယူ‌ရာ၌ မိုင်းတုံခရိုင်၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ခရိုင်မှူး ဒုတိယညွှန်ကြား‌ရေးမှူး ဦးလှ‌အေး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်‌ရဲမှူး မြင့်‌အောင်၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကောက်ယူမှုသည် သန်းခေါင်စာရင်းကောက်ယူသည့်အခါ အိမ်ထောင်စုများထပ်ခြင်း၊ ကျန်ခြင်းမရှိစေရန် GIS နည်းပညာအသုံးပြု၍ စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းဖြင့် Consus Unit တစ်ခုခြင်း၏ အဆောက်အဦများ၏ တည်နေရာနှင့် အိမ်ထောင်စုအရေအတွက်ကို သိရှိစေနိုင်‌ကြောင်း သိရသည်။ ယင်းလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ကောက်ကွက်(၁၉)ကွက်ဖွဲ့စည်းပြီး ရပ်ကျေးစာရေးများနှင့် ပူးပေါင်း၍ ၃၁-၃-၂၀၂၄ ရက်နေ့ အပြီးကောက်ယူသွားမှာဖြစ်ကြောင်း၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)