ဗဟန်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာဖတ်ဝိုင်းကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာဖတ်ဝိုင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးဌာနတို့ ပူပေါင်းကျင်းပသော လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသန္တာက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်အကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပင်လုံညီလာခံအကြောင်းတို့ကို စိတ်ဝင်စားဖွယ် ဆွေးနွေးဟောပြောကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများတို့က ဆွေးနွေးချက်များအပေါ် မိမိတို့သိလိုသည်များကို မေးမြန်းဆွေးနွေးအမြင်ခြင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)