ရန်ကုန် ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
စုံညီပွဲတော်ကို ကမာရွတ်ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကမာရွတ်မြို့နယ်လေ့ကျင့်ရေး အထက်တန်းကျောင်း ကျောင်းသားကျောင်းသူဘင်ခရာအဖွဲ့က စုံညီပွဲတော်တို့နွှဲပျော်တေးသီချင်းဖြင့် သီဆိုတီးမှုတ်ဖွင့်လှစ်ခဲ့ကြပြီး ကမာရွတ်မြို့နယ်ပညာရေးမှူးဦးပေါ်ဦးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရရှိသော ကျောင်းအုပ်ကြီးများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား၊ ခရိုင်ပညာရေးမှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများကဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
စုံညီပွဲတော်တွင် ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူရည်ချွန်ဆုနှင့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူ(၁၈၀)ဦးကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နွယ်