မှော်ဘီ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန နှင့်အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (သန္ဓေပင်) ကျောင်း ပညာသန္ဓေခန်းမ ၌ ကျင်းပသည်။
ရှေးဉီးစွာလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးသိန်းက အမှာစကားပြောကြားပြီး မှော်ဘီမြို့နယ် Book Club အဖွဲ့ အတွင်းရေးမှူး စာရေးဆရာဝင်းနွယ် (ပုသိမ်)မှ မငြိမ်းသောမီး တောက်ကလေးဟူသောခေါင်းစဉ်ဖြင့်လည်းကောင်း စာရေးဆရာဆေးတန်သားမှ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံဟူသောခေါင်းစဉ်ဖြင့် သိကောင်းစရာများကို အကျယ်တဝင့်ဆွေးနွေးကာ အ.ထ.က (သန္ဓေပင်) ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ညိုညိုမာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်