ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို၊ ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ စကားဝါခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို Grade-8 ကျောင်းသား/ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သံပြိုင်သီဆို ဖွင့်လှစ်ပြီး၊ ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်က နှုတ်ခွန်းဆက်အမှာ စကားပြောကြား၍၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ယင်းနေက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ဆုရရှိသူများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး၊ ကျောင်းသား/ကျောင်းသူလေးများမှ ဧည့်ခံဖျော်ဖြေခြင်းနှင့် ပညာရည်ချွန်ဆုပေးအပ်ခြင်း၊ ဘာသာရပ်အလိုက် စွမ်းရည်ဆုများပေးအပ်ခြင်း၊ ကျောင်းလုပ်ငန်းထူးချွန်ဆုများ ပေးအပ်ခြင်း၊ နေ့ကြီး/ရက်ကြီးများအလိုက် ကျင်းပသည့်ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု (ဇာတ်လမ်းတို)ပြိုင်ပွဲဆု၊ အားကစာဆုများကို မြို့နယ်တာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော်ဆောင်များက အစီအစဉ်အတိုင်းပေးအပ်ချီးမြှင့်ကြပြီး၊ တစ်နှစ်ပတ်လုံးခွင့်မယူဆုရရှိသူ ဆရာ/ဆရာမများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် Grade-8 ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အုပ်ထိန်းသူများ စုစုပေါင်း (၈၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)