ကျောက်တံခါး ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနက ဗောဓိကွင်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား Pfizer ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးခဲ့သည်။
အဆိုပါ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Doses)ထိုးနှံမှုအား ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဗောဓိကွင်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၁၁၉)ဦးအား ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဥ္စမအကြိမ် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Doses)ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သု့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)