မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်(MCF)နှင့် ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပမည်

ရန်ကုန်  ဇန်နဝါရီ  ၂၃

မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်(MCF)နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA)၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း(MCIA)နှင့် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း(MCEA)များ၏ ၂၅ နှစ်ပြည့်ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC II)၌ မြန်မာနိုင်ငံကွန်ပျူတာဖွံ့ဖြိုးရေးဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် “Towards Digital Myanmar” ခေါင်းစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဌာနမှ ICT ဝန်ဆောင်မှုပြခန်းများ၊ ပုဂ္ဂလိက ICT ကုမ္ပဏီကြီးများ၏ ထုတ်ကုန်ပြခန်းများ၊ ကျောင်းသားလူငယ်များ၏ နည်းပညာပြခန်းများ ခင်းကျင်းပြသသွားမည်ဖြစ်သည့်အပြင် နိုင်ငံတော်အဆင့် Digital Myanmar သို့ အသွင်ကူးပြောင်းခြင်းဆိုင်ရာ Panel ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ ICT ပညာရှင်များမှ ဟောပြောပို့ချခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ မည်သူမဆိုတက်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)