ပင်လုံ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပခြင်းနှင့် ဘင်ခရာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ အချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားကို အ.ထ.က (၂) ၏ ဘင်ခရာအဖွဲ့မှ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဘင်ခရာအဖွဲ့မှ သရုပ်ပြတင်ဆက်ခြင်း၊ Grade-4 နှင့် Grade-5 မှ ကျောင်းသူလေးများ၏ ပန်းပွားအကဖြင့် ကပြဖျော်ဖြေခြင်း၊ စုံညီပွဲတော် တို့နွဲပျော်သီချင်းဖြင့် ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသူလေးများက အတူကပြဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ခရိုင်ပညာရေးမှူး ဆရာကြီးဦးသန်းစိုးက အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားခင်အိက ကျောင်း၏အထွေထွေကိစ္စရပ်များကို တင်ပြခြင်း၊ ကျောင်းသားမိဘများကိုယ်စား ဦးအောင်မျိုးက ကျောင်း၏အထွေထွေကိစ္စရပ်များကို တင်ပြပြီးနောက် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်မှ အ.ထ.က (၂) ပင်လုံ ဘင်ခရာတပ်ဖွဲ့အတွက် လှူဒါန်းငွေကျပ်သိန်း (၁၅၀) ပေးအပ်လှူဒါန်းခြင်း၊ ကျောင်းအုပ်ဆရာမကြီးမှ နယ်စပ်ရေးရာဝန်ကြီးဌာနအား ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခြင်း၊ အမှတ် (၂) ဝန်တင်တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စိုးနိုင်နှင့် ဇနီးဒေါ်နှင်းယုမေတို့မှ အ.ထ.က (၂) ပင်လုံအတွက် အလှူငွေကျပ်(၅)သိန်း လှူဒါန်းခြင်း၊ ရန်ကုန်မြို့မှ ဦးသူ့အောင်ဇော်နှင့် ဇနီးဒေါ်နေဇာခြည်မှ အလှူငွေကျပ် (၃၀) သိန်းလှူဒါန်းပါသည်။ ထို့နောက် ပညာရည်ချွန်ဆု၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ/ ကျောင်းတက်အမှန်ဆုံးဆုရဆရာ/ ဆရာမများအား တက်ရောက်လာကြသော အမှတ် (၂) ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး၊ ပအိုဝ်းစာပေ၊ ရှမ်းစာပေယဥ်ကျေးမှူးကော်မတီများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးများ၊ အငြိမ်းစားကျောင်းအုပ်ဆရာမကြီးများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် အသီးသီးကပြဖျော်ဖြေခဲ့ကြပြီး အထက်တန်းကျောင်းသူလေးများ၏ လမ်းပြကြယ်သီချင်းဖြင့် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရပါသည်။
ထို့နောက် ဖိတ်ကြားထားသော ဧည့်သည်တော်များက ကျောင်းတွင် ခင်းကျင်းပြသထားသော ကျောင်းတွင်းလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ သင်ထောက်ကူပြခန်း၊ အိမ်တွင်းမှုအနုပညာပြခန်း၊ အစာအုပ်စု(၃)စုပြပွဲ၊ သိပ္ပံပစ္စည်းပြခန်းတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)