ကွန်ဟိန်းမြို့ အ.ထ.ကကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲ ကျင်းပ

ကွန်ဟိန်း ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲကို ဇန်နဝါရီလ (၂၃) ရက် နံနက် (၉) နာရီက အဆိုပါကျောင်းရှေ့ စဝ်စံထွန်းလမ်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာထက်မြက်စေရန်၊ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်၊ ပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်လိုစိတ်ရှိရန်နှင့် ကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွတ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ အကျီဝတ်ပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲနှင့် ထိုင်ခုံလုစသည့် အားကစားပြိုင်ပွဲများကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)