မိုးကုတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကျင်းပ

မိုးကုတ်၊ အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက် (၈)နာရီခွဲက မိုးကုတ်မြို့အထက-၃  အစည်းအ​​ဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက သင်တန်းဆင်း အထူးရဲတပ်ဖွဲ့၀င်များအား နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရေး ကောက်ပွဲကြီးတွင် တာ၀န်ထမ်းဆောင်ကြရမည်ဖြစ်ပြီး မိမိတို့သမိုင်းမှတ်တိုင်တစ်ခုအဖြစ်ကျရာ တာ၀န်ကို အထူးအလေးထားကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် အထူးရဲ တပ်ဖွဲ့ဝင်များအ​​နေဖြင့် ထမ်းဆောင်ရမည့် လုပ်ငန်းတာဂန်များနှင့် လုပ်ငန်းစဥ်များကို ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငြိမ်းချမ်းမှ သင်တန်းဆင်းအမှာစကား ဆက်လက်ပြောကြားခဲ့သည်။

 အဆိုပါသင်တန်းကို၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁)ရက်နေ့မှ အောက်တိုဘာလ (၂၈) ရက်နေ့ ထိဖွင့်လှစ်ခဲ့သင်တန်းပေးခဲ့​ခြင်းဖြစ်​ပြီး မိုးကုတ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း (၁၄၄) ရုံထားရှိသွားမည်ဖြစ်ရာ ခန့်အပ်တာ၀န်ပေးထားသည့် အထူးရဲတပ်ဖွဲ့၀င် (၁၄၄) ဦးအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့်ပူးပေါင်း၍ ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အလေး ထားဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးမမ (မိုးကုတ်)