တာလေမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးခြင်း/ လေလံတင်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းလိုင်စင်များ လေလံတင်ရောင်းချခြင်းအခမ်းအနား ကျင်းပ

တာလေ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နှင့် ကျိုင်းလပ်မြို့နယ်ခွဲစည်ပင်သာယာရေးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးခြင်း/ လေလံတင်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းလိုင်စင်များ လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တာလေမြို့နယ်ခွဲစည်ပင်သာယာရေးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဉီးစွာ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဉီးကျော်မင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး တာလေမြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဉီးမနားရွှီနှင့် ကျိုင်းလပ်မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဉီးအားထူယာတို့က လေလံတင်ရောင်းချခြင်းဆိုင်ရာစည်းကမ်းများက ရှင်းလင်းပြောကြားသည်။

ယင်းနောက် လေလံတင်ရောင်းချရေးအဖွဲ့တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွက် ကျိုင်းလပ်မြို့ဝင်ဘီးကောက်နှင့် သားသတ်လုပ်ငန်းလိုင်စင် (၄) ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း၊ တာလေမြို့ BOT လုပ်ငန်းဖြစ်သည့် မြို့ဝင်ဘီးကောက်အား သက်တမ်းတိုး စိစစ်ရောင်းချခြင်း၊ မိုင်းလင်းဈေးကောက်နှင့် သားသတ်လုပ်ငန်းလိုင်စင် (၄) ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လုပ်ငန်းလိုင်စင်လျှောက်ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)