ဒဂုံ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၂၂-၁-၂၀၂၄)ရက်နေ့တွင် P-Fizer(Original Strain)ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးလာသူပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်း(၄)ဦး၊ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူ(၂၇)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူ(၉၅)ဦး စုစုပေါင်း(၁၂၆)ဦး ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မြို့နယ်(ပြန်/ဆက်)