လွိုင်လင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် အခမဲ့မျက်စိအတွင်းတိမ် ခွဲစိပ်ကုသပေး

လွိုင်လင် ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ရန်ကုန်မြို့ မျက်စိအထူးကုဆရာဝန်ကြီးများအဖွဲ့မှ အခမဲ့မျက်စိအတွင်းတိမ် ခွဲစိပ်ကုသပေးခြင်းကို ယနေ့နံနက်(၈)နာရီမှစ၍ အဆိုပါဆေးရုံ ဇီဝကခန်းမ၌ ကုသဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

‌မျက်စိကုသပေးနေခြင်းကို လွိုင်လင်၊ ခိုလမ်၊ လဲချား၊ မောက်မယ်၊ မိုးနဲ၊ နမ့်စန်၊ မိုင်းပွန်မြို့များမှ လာရောက်ကုသမှုခံယူကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မျက်စိနှင့်ပတ်သက်၍ အတွင်းတိမ်၊ အပြင်တိမ်၊ မျက်သားတက်ခြင်း၊ ခွဲစိပ်ကုသရန်လိုအပ်သူများကိုခွဲစိပ်ပေးခြင်း၊ မျက်စဉ်းခတ်‌ပေးခြင်း၊ မျက်မှန်တပ်ရန်လိုအပ်သူများကို စစ်ဆေးပေးခြင်း စသည့်လုပ်ငန်းများအား ယနေ့မှစ၍ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကုသ‌ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)