ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ

ပုသိမ်ကြီး ဇန်နဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပခြင်းကို ယနေ့နံနက် ၉နာရီက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က ပုသိမ်ကြီး ကျောင်းသား/ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးညွန့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ အောင်မြေသာစံခရိုင် ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက အမှာစကား ပြောကြားကာ၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝေက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းများနှင့် ထူးချွန်ဆု ရရှိသော ကျောင်းသား/ကျောင်းသူများအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးညွန့်ဆန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထူးချွန်ကျောင်းများအား ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများက ဖျော်ဖြေရေး အစီအစဥ်များဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ အခမ်းအနားအား ဇာတိမာန် သီချင်းဖြင့် သီဆိုပိတ်သိမ်းခဲ့ပြီး၊ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)