ငါန်းဇွန် ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများ အသုံးပြုနိုင်ရန် ယနေ့နံနက် ၁၀ နာရီခွဲက မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် တရားမဝင် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာ ဆေးဝါးမှတ်ပုံတင်ရရှိပြီးသော ဆေးဝါးများနှင့် Brand Name ဆင်တူသော မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသည့် တရားမဝင် တင်သွင်းထားသော ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး ဆေးဆိုင်တာဝန်ရှိသူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)