မိုးကုတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး

မိုးကုတ် ဇန်နဝါရီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ်ရုံးဖွင့်ရက် (၂၁)ရက်နေ့မှစ၍ နေ့စဥ်နံနက်(၆)နာရီမှစပြီး  မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုးကုတ်မြို့နယ်အတွင်းတွင် မြန်မာ့စီးပွားရေဘဏ်၌ ပင်စင်ထုတ်ယူသူ အငြိမ်းစားဝန်ထမ်းဦးရေ(၁၂၀၀)ဦးခန့်ရှိရာ ယနေ့လာရောက်ထုတ်ယူသူဦးရေ (၃၇၀)ဦးခန့်ရှိပြီဖြစ်ပြီး ပင်စင်ထုတ်ယူရန် ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား ဘဏ်ဝန်ထမ်းများက ရုံးချိန်အတွင်း ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)