မိုင်းကိုင် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ Pfizer COVID-19 ကာကွယ်ဆေးကို ယနေ့နံနက် ၁၀နာရီအချိန်၌ ပြည်သူ့ဆေးရုံ စုရပ်နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Pfizer Covid-19 ကာကွယ်ဆေးကို ပထမဦးစားပေးအဖြစ် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ နာတာရှည်ရောဂါအခံရှိသူများ၊ ကိုယ်ခံအားနည်း ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများကို အဓိကထားထိုးနှံပေးသွားမည်ဖြစ်ပြီး ရည်မှန်းဦးရေပေါင်း ၄၇၆ဦးတို့ကို ယနေ့မှစ၍ လကုန်ရင်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်နည်းပညာဖြင့် ဂျာမနီနိုင်ငံမှထုတ်လုပ်ထားသော Pfizer COVID-19 ရောဂါကာကွယ်ဆေးသည် တစ်ကမ္ဘာလုံးမှအသိအမှတ်ပြုထားသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး COVID-19 ရောဂါကာကွယ်ဆေး တစ်မျိုးမျိုးကိုထိုးနှံပြီး၍ ၆လပြည့်ပြီးသူတိုင်း ထပ်မံထိုးနှံသင့်သည့် ကာကွယ်ဆေးတစ်ခုဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)