တန့်ယန်းမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တန့်ယန်း ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၂) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးနေလင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်တို့က မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းတင်ပြကြကြောင်း သိရသည်။                                                                                          

မင်းလွင်ဦး(ပြန်/ဆက်)