ပုံပါကျင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပုံပါကျင် ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီက မူလွန်(နယ်ခြား)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်အိအိဖြိုးက လူငယ်များ လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရေးနှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရေး၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရေး၊ စာရိတ္တကောင်းမွန်စေရေး၊ ဗလငါးတန်ပြည့်စုံစေရေးနှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးခေါင်းစဉ်များနှင့် ကလေးအလုပ်သမားပပျောက်ရေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထိုနောက် တက်ရောက်လာကြသော ကျောင်းသူ၊ ကျောင်းသားလေးများအား ပြသထားသော လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သများပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေးနံနံကပ်စာစောင်များတွင် ပါဝင်သောအကြောင်းအရာများအား ရှင်းလင်းပြောကြားကာ ကျောင်းသူ၊ ကျောင်းသားများက ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)