မိုင်းရယ် ဇန်နဝါရီ ၂၃
မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီး၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူရာတွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် အဆောက်အုံစာရင်းများကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့၊ ရပ်ကွက်သုံးရပ်ကွက်တွင် ဆောင်ရွက်သည်။
မြို့နယ် လဝက ဝန်ထမ်းများနှင့် ရပ်ကွက်အတွင်းရှိ နယ်မြေမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရပ်ကွက်အလိုက် အဆောက်အအုံမြေပုံများကို ဂျီပီအက်စ် (GPS) ထောက်၍ အ ဆောက်အအုံအမှတ်စဉ်၊ အိမ်ခန်းအမှတ်စဉ်၊ အိမ်ထောင်စုအမှတ်စဉ်၊ အိမ်ထောင်ဦးစီးအမှတ်စဉ်နှင့် တည်နေရာ လတ္တီကျု၊ လောင်ဂျီကျုများကို ကောက်ယူ၍ ဆာဗာထဲသို့ထည့်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
အဆိုပါ အဆောက်အအုံစာရင်းများကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
မိုင်းရယ်(ပြန်/ဆက်)