လားရှိုးမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ပျော်ရွှင်စွာဆင်နွှဲ

လားရှိုး ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် လားရှိုးမြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကော်မတီဝင်တစ်ဦး  ကျောင်းအတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လေ့ကျင့်ရေးအလယ်တန်းကျောင်း မှ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအဆင့် “A” ရရှိသော ကျောင်းသား၊ကျောင်းသူများ၊ စာပေဆုရရှိသော ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

စိုင်းထွန်း (လားရှိုး)