လှိုင်သာယာ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်ခရိုင်၊လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ထူးချွန် ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်းနှင့် မြို့နယ်အဆင့်ပညာရေးစုံညီပွတော်အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်(၉)နာရီ၌ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာလှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁) အခြေခံပညာကျောင်းမှ ကျောင်းသူလေးများက မြန်မာကျောင်းသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်သိန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြတ်သူဇာက စုံညီပွဲတော်ဆိုသည်မှာ ကျောင်းသူ၊ ကျောင်းသားများ၊ မိဘနှင့် ဆရာ၊ ဆရာမများတို့ အနားသုံးနားညီဆောင်ရွက်ပေးပြီး ထူးချွန်တဲ့ ကျောင်းသူ၊ ကျောင်းသားများအား ဆုချီးမြှင့်ခြင်းကို စုံညီပွဲတော်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
စုံညီပွဲတော်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်ပွဲ၊ ပဌာန်းဓမ္မစကြာဆုရရှိသူများ၊ ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပညာရေးမှူး ဦးကျော်သိန်းထွန်းနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ သီဆိုကပြဖျော်ဖြေလျက်ရှိကြောင်း သိရသည်။
ခင်ဝင်းမူ (ပြန်/ဆက်)