အင်တော ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီက အ.မ.က(၁)မူလွန်နှင့် အ.မ.က(၁)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လှလှထွေးက လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃က လူငယ်လူရွယ်နှင့်ပတ်သက်သည့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအကြောင်းကိုလည်းကောင်း၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်းမှုအန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများလေ့လာကြည့်ရှုကြပြီး ဆရာ၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များကိုလည်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)