မက်မန်း ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် ဒေသဝက် တစ်နိုင်တစ်ပိုင် မွေးမြူခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် နေထိုင်သူ ဦးအာဗေလှ မိသားစုသည် ဒေသကြက်များ မွေးမြူ၍ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။ ဒေသကြက်တစ်ကောင်လျှင် ၆ လမှ တစ်နှစ်အထိ မွေးမြူရကြောင်း၊ ဒေသကြက်များကို စားသုံးသူများအနေဖြင့် ပိုမိုနှစ်သက်ကြကြောင်း၊ ဒေသကြက်မွေးမြူရာတွင် အစာကျွေးရာတွင် ကုန်ကျစရိတ်သက်သာကြောင်း၊ ဒေသထွက် ဆန်ကွဲနှင့် ဖွဲနုများကို ကျွေးမွေးနိုင်ပါကြောင်း၊ ဒေသကြက် အကောင်ရေ (၁၀၀)ကျော် မွေးမြူထား ကြောင်း၊ အရွယ်ရောက် ဒေသကြက်တစ်ကောင်လျှင် ကျပ်နှစ်သောင်းငါးထောင်မှ သုံးသောင်းအထိ ရောင်းချရကြောင်း၊ အချို့သူများအနေဖြင့် ဒေသကြက်ဖတစ်ကောင်းလျှင် ကျပ်ခုနှစ်သောင်းမှ ရှစ် သောင်းအထိပေး၍ ဝယ်ယူကြကြောင်း၊ ဒေသကြက်အား ခြံစနစ်ဖြင့် မွေးမြူခြင်းအားဖြင့် ရောဂါအန္တရာယ်ကို ကြိုတင်ကွယ်နိုင်ပါကြောင်း၊ အချို့ဒေသကြက်မွေးမြူသူများအနေဖြင့် လွတ်စနစ်ဖြင့် မွေးမြူထားသဖြင့် ကြက်နာများ ဝင်ရောက်နိုင်ပါကြောင်း၊ နှစ်စဉ်ဒေသကြက်မွေးမြူရောင်းချခြင်းဖြင့် အပိုဝင်ငွေ ကျပ် နှစ်ဆယ့်ငါးသိန်းမှ နှစ်ဆယ့်ရှစ်သိန်းထိ ရောင်းချရပါကြောင်း ဒေသကြက် မွေးမြူသူ ဦးအာဗေလှမိသားစုထံမှ သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)