မက်မန်းမြို့နယ်တွင် စိန်တစ်လုံးသရက် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မက်မန်း ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အေးကျန့်ကျေးရွာအုပ်စု၊ အေးကျန့်ကျေးရွာနေ ဦးသက်နိုင်၏ စံပြဘက်စုံစိုက်ပျိုးရေးခြံတွင် စိန်တစ်လုံးသရက် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှုရှိကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ုပုံငွေဖြင့် ဒေသတွင်း နှစ်ရှည်သီနှံပင်များ ဖြစ်ထွန်း အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ မက်မန်းမြို့နယ်၊ အေးကျန့်ကျေးရွာနေထိုင်သူ ဦးသက်နိုင်၏ စံပြစိုက်ခြံတွင် စိန်တစ်လုံးသရက်များ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ရရှိကြောင်း သိရသည်။ စိန်တစ်လုံးသရက်မှာ ယခင်နှစ်မှစတင်၍ အပွင့်ပြကာ အသီးသီးခဲ့ကြောင်း၊ စတင်သီးသည့် အသီးမှာလည်း ဈေးကွက်ဝင်အသီးများ ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် အပွင့်များ ပင်စေ့ပွင့်သဖြင့် အသီးထွက်နှုန်း ကောင်းမွန်မှု ရှိနိုင်မည်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် မိုင်းပျဉ်းမြို့နှင့် ပန်ဆန်းမြို့များသို့ တင်ပို့ရောင်ချခဲ့ကြောင်း စိန်တစ်လုံးသရက် ဧက (၃.၈)ဧက စိုက်ပျိုးထားကြောင်း တောင်သူ ဦးသက်နိုင်ထံမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)