ဗန်းမော် ဇန်နဝါရီ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ပင်စင်လစာငွေများကို ဇန်နဝါရီလ ၂၂ ရက် နံနက် ၇ နာရီအချိန်မှ စတင်ထုတ်ပေး လျက်ရှိကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုခရိုင်အုပ်ချုပ်ရေးမှုး ဦးသိန်းစိုး၏ဦးဆောင်မှုဖြင့် ပင်စင်စားများကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးဝါးကုသမှုခံယူနိုင်ရေး၊ အာဟာရဒါနပြု ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ ပင်စင်အမျိုးမျိုးဖြင့် ပင်စင်ထုတ်ယူရန်လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရန် စောင့်ဆိုင်းနေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုခရိုင်အုပ်ချုပ်ရေးမှူးဦးသိန်းစိုး၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ထွန်းတိုး၊ မြို့နယ် ရဲမှူးဇော်ဇော်တို့ ဦးဆောင်၍ ခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ခံများနှင့် ဗန်းမော်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီးဒေါက်တာအောင်ကျော်စိုး အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင် ပြည်သူ့ဆေးရုံတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင် အမျိုးသမီးများက အာဟာရဒါနများကျွေးမွေးခဲ့ကြပြီး ကြက်ခြေနီအသင်းအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ပင်စင် လာရောက်ထုတ်ယူကြသည့် အဘိုးအဘွားများအား အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို တိုင်းတာပေးခြင်း လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ပြီး သွေးတိုး၊ ဆီးချိုကျဆေး စသည့် လိုအပ်သည့်ဆေးဝါးများအား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ခရိုင်၊ပြန်/ဆက်