အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

သံတွဲ ဇန်နဝါရီ ၂၂

ရခိုင်ပြည်နယ် သံတွဲမြို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု/စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ Grade-9 ကျောင်းသား၊ ကျောင်းသူလေးများက အနာဂတ်လူရည်ချွန်” တေးသီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှဟန် ကအဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြမွန်နှင့် ကျောင်းအကျိုးဆောင် ဦးမြင့်ရွှေတို့က ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပမှုအခြေအနေများနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Grade-11 ကျောင်းသား၊ ကျောင်းသူလေးများက လမ်းပြကြယ်” တေးသီချင်းအား စုပေါင်းသီဆိုဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် ပညာရည်ချွန်ဆု ဘက်စုံထူးချွန်ဆု၊ ကျောင်းတက်အမှန်ဆုံးဆရာ/ဆရာမဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှဟန်၊ မြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဒေါက်တာစိုးမြင့်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြေမြမွန်၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နာယကကြီးများ၊ အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ဆုများအသီးသီးချီးမြှင့်ကြပြီး Grade-10 ကျောင်းသား/သူလေးများက ပြည်မြန်မာ” တေးသီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)