မိုင်းရယ် ဇန်နဝါရီ ၂၂
ကျောင်းသားလူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ်(၁)နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက လူငယ်များသိသင့်သိထိုက်သည့် မူးယစ်ဆေးဝါးအန္တရယ်၊ လူကူးကုန်မှုအန္တရာယ်များအကြောင်းကို ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ကျောင်းသား/သူများအား အထွေထွေဗဟုသုတများ မေးမြန်းကာ မှန်ကန်စွာဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား ဆုများအသီးသီးပေး အပ်ချီးမြှင့်ပါသည်။
ဟောပြောပွဲအပြီးတွင် မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(မိုင်းရယ်) ရှိ Grade-6၊ Grade-7 တို့မှ ကျောင်းသား/သူ(၆၀)ဦးခန့် တက်ရောက် ခဲ့ကြောင်းသိရသည်။
မိုင်းရယ်(ပြန်/ဆက်)