(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းတွင်း ကဗျာ၊စာစီစာကုံး၊ဆောင်ပါး၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

စဉ့်ကိုင် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ (အ.ထ.က)(စဉ့်ကိုင်)တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းတွင်း ကဗျာ၊စာစီစာကုံး၊ဆောင်ပါး၊ပန်းချီ ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ ကဗျာ၊စာစီစာကုံး၊ဆောင်ပါး၊ပန်းချီ ပြိုင်ပွဲများကိုအ.ထ.က(စဉ့်ကိုင်)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းဆီနှင့် ဆရာမများက အနီးကပ်ကြီးကြပ်၍ Grade-5 ကျောင်းသား/သူများမှ စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့နှင့်လူငယ့်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ပန်းချီပြိုင်ပွဲတွင် “စည်းလုံးခြင်းသည် အင်အားခေါင်းစဉ်ဖြင့်လည်းကောင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ Grade-6 မှ Grade-11 အထိ ကျောင်းသား/သူများက ကဗျာပြိုင်ပွဲတွင် “စည်းလုံးညီညွတ်၍ အောင်မြင်သော နိုင်ငံသစ်ဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “ စည်းလုံးညီညာ အောင်ကြောင်းဖြာ” ခေါင်းစဉ်ဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)