မက်မန်း ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် ဈေးကွက်ဝင် သံပုရာသီးများ စိုက်ပျိုးရာတွင် အောင်မြင်လျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ် အေးကျန့်အုပ်စု၊ ကွန်ဟောင်းကျေးရွာတွင် ဈေးကွက်ဝင် သံပုရာသီးများကို စိုက်ပျိုးထားရှိရာ ယခုနှစ်တွင်အသီးများစတင်ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။ “စတင် စိုက်ပျိုးချိန်မှ (၃)နှစ်အတွင်း အသီးများရရှိကြောင်း၊ ယခုစိုက်ပျိုးထားသော သံပုရာသီးမျိုးသည် အလုံးကြီးအမျိုးစားဖြစ်သဖြင့် သာမန်အသီးများထက် ဈေးကောင်းရရှိကောင်း၊ သံပုရာသီးတစ်လုံးလျှင် ရှစ်ရာကျပ်မှ တစ်ထောင်ကျပ်အထိ ရောင်းချရကြောင်း၊ သံပုရာပင်(၃၀၀)ကျော် စိုက်ပျိုးထားရှိကြောင်း၊ သံပုရာတစ်ပင်လျှင် အသီး (၃၀)မှ (၄၀)အထိ ရရှိကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မြေလွတ်မြေရိုင်များအား ခုတ်ထွင်ရှင်းလင်း၍ နှစ်ရှည်သံပုရာပင်များ စိုက်ပျိုးထားသင့်ကြောင်း၊ သံပုရာပင်များကို လွန်ခဲ့သော (၃)နှစ်က စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှုရှိကြောင်း” သံပုရာစိုက်တောင်သူ ဒေါ်အီနပ် ထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)