ဝိုင်းမော် ဇန်နဝါရီ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးသန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကာ ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် အဆိုပါကျောင်းရှိ ”တေဇ” ခန်းမတွင် ကျောင်းသား/သူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” တေးသီချင်းအား သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးက ပညာရေးပြက္ခဒိန်အရ စုံညီပွဲတော်ကျင်းပပြလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်က ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခြင်းအား ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဂုဏ်ပြုအမှာစကားပြောကြားကာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည် က ကျောင်းလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက နိုင်ငံတော်အထိမ်းအမှတ် နေ့ထူးနေ့မြတ်များ၌ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ စသည့် ပြိုင်ပွဲများတွင် ဗဟိုအဆင့်၊ ပြည်နယ်အဆင့် ဆုရကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆု များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကျော်းသား/သူလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကပြပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသူများ၊ (၇၆)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်တွင် စာစီစာကုံး၊ ကဗျာပြိုင်၌ ဆုရရှိသူများ၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခံရသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်သည်။
ဖြူစင်