တံတားဦး ဇန်နဝါရီ ၂၂
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် သင်ကြားပေးမည့် စက်မှုနည်းပညာအကြောင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက စက်မှုနည်းပညာအကြောင်းဆွေးနွေးပြောကြားရာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ရပ်ကွက်၊ ကျေးရွာများရှိ အခြေခံပညာကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade -9 အောင်မြင်ပြီးသူတိုင်း တက်ရောက်ပညာသင်ကြား သင်နိုင်ပါကြောင်း၊ စက်မှုနည်းပညာကျောင်းတွင် လျှပ်စစ်နည်းပညာ၊ အဆောက်အဦးနည်းပညာနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာဟူ၍ ဘာသာရပ်(၃)ခုရှိရာ ထိုဘာသာရပ်များကို စာတွေ့လက်တွေ သင်ကြားပေးမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
အဆိုပါနွေးနွေးပွဲသို့ တံတားဦး အခြေခံပညာအထက်တန်းကျောင်း Grade -9မှ ကျောင်းသား/သူ (၁၃၉)ဦးနှင့် ဆရာ/မများ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ဆည်)မှ ဆရာ/မများတက်ရောက် ကြသည်။ အလားတူ စက်မှုနည်းပညာအကြောင်းဆွေးနွေးပွဲကျင်းပွဲကို အဆိုပါကျောင်း ခန်းမတွင် အ.ထ.က၊ တောင်ဘီလူ၊ အ.ထ.က(ခွဲ) သူငယ်တော်၊ အ.ထ.က(ခွဲ) စကားအင်းနှင့် မြို့မအခြေခံပညာ အလယ်တန်းကျောင်းတို့မှ Grade -9 ကျောင်းသား/သူများကို ယနေ့မွန်းလွဲပိုင်းတွင် ဆက်လက်ရှင်းလင်းဟောပြောဆွေးနွေး သွားမည်ဖြစ်ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)