ဥတ္တရသီရိ ဇန်နဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာမ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာမ ရဿဝတီ မေနန်း၊ စာရေးဆရာ စိန်ဝင်းနွယ်၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ စာရေးဆရာ နွေးဦးကိုကို၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)၊ စာရေးဆရာ ဈာန်စွမ်းအင်၊ စာရေးဆရာ ဟန်ညွန့် (ယဉ်ကျေးမှု)၊ စာရေးဆရာသဘာဝ၊ စာရေးဆရာ မောင်ကျော်စော(ရှင်မတောင်နံ့သာမြေ)၊ စာရေးဆရာမ သစ္စာရှင်၊ စာရေးဆရာ ကျော်လွင်မြင့်(မှော်ဝန်း)၊ စာရေးဆရာမ ချယ်ချယ်(YU)၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)၊ စာရေးဆရာမ ဒီရာ(စွမ်းအင်)၊ စာရေးဆရာမ သက်သက်မွန်၊ စာရေးဆရာမ လုံမငယ်(လူမှု)တို့က စာရေးဆရာမ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်အားဖတ်ရှု၍ မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)