နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်၊ ဘူးကွဲရွာဦးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် အသံမစဲ ဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား တက်ရောက်ကြည်ညို

ဇမ္ဗူသီရိ ဇန်နဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ အသံမစဲ ဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သုခသိဒ္ဓိရပ်ကွက်၊ ဘူးကွဲရွာဦး ကျောင်းတိုက်၌  ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်၊  မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော် ဘူးကွဲရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂရာဇာ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ နေပြည်တော် သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ် များက ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော် ဘူးကွဲရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂရာဇာထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များ အသီးသီးဆက်ကပ်ကြသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော် ဘူးကွဲရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂရာဇာထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်၌ အသံမစဲ ဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)