ရွှေကူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရာနေရာ၌ အာဟာရဒါနများ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောင်မှုများဆောင်ရွက်ပေး

ရွှေကူ      ဇန်နဝါရီ    ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများပင်စင်ထုတ် ယူရာနေရာ၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အာဟာရဒါနများကျွေးမွေးခြင်းနှင့်  ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကိုယနေ့နံနက်ပိုင်းက ပင်စင်ထုတ်ယူရာမြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဌာနဆိုင်ရာအသီးသီးတွင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ ပင်စင်အမျိုးမျိုးဖြင့် ပင်စင်ထုတ်ယူရန်လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရန် စောင့်ဆိုင်းနေကြသည့်  မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ အဖွဲ့ဝင် မြို့နယ်ရဲမှူးမြင့်ဇော်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်စံတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်အမျိုးသမီးများက ပင်စင်လာ ရောက်ထုတ်ယူကြသည့် အဘိုးအဘွားများအား အာဟာရဒါနများကျွေးမွေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီအသင်းအဖွဲ့များက အဘိုးအဘွားများအား အပူချိန်တိုင်းတာခြင်း၊ သွေးပေါင် ချိန်တိုင်းခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို တိုင်းတာပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးခဲ့ပြီး သွေးတိုး၊ ဆီးချိုကျဆေးစသည့် လိုအပ်သည့်ဆေးဝါးများအား အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဆေးရုံသို့တက်ရောက်ဆေးကုသရန် လိုအပ် ချက်ရှိပါက ဆေးရုံသို့ပို့ဆောင်၍ အခမဲ့ဆေးဝါးကုသပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် ရွှေကူမြို့နယ်အတွင်း  ပင်စင်ထုတ်ယူသူ ပင်စင်စားဦးရေ (၉၅၀) ဦးရှိပြီး လစဉ် ၂၁ ရက် နေ့မှစတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)