တွံတေး ဇန်နဝါရီ ၂၂
ယခုအခါ ပူပြင်းခြောက်သွေ့သောအချိန်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မဖြစ်စေရေးအတွက် ယမန်နေ့ညပိုင်းက တွံတေးမြို့ပေါ် (၈) ရပ်ကွက် အတွင်းလှည့်လည်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ရာသို့ မြို့နယ်မီးသတ်စခန်းမှ စခန်းမှူးဦးအောင်စိုး ဦးဆောင်ကာ တွံတေးမြို့ပေါ်ရှိ မြို့ပေါ် (၈) ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စည်းမျဥ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး ပြည်သူလူထုအား အသိပေးနှိုးဆော်ရာတွင် မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်များအား ရှင်းလင်းထားရေး၊ မီးဖိုများကို လုံခြုံစိတ်ချရအောင် သွပ်ပြားကာရံအသုံးပြုကြရေး၊ မီးဖိုအနီးတွင် လောင်စာပစ္စည်းများ မထားရှိရေး၊ ဖယောင်းတိုင်မီး အမွှေးတိုင်မီး၊ ခြင်ဆေးခွေမီးများကို မီးမလောင်းနိုင်သည့် ပစ္စည်းတစ်ခုခုပေါ်တွင် တင်၍အသုံးပြုကြရေး၊ မီးဖိုမီးနှင့်အခြားမီးများအသုံးပြုလျှင် လူစောင့်နေ၍အသုံးပြုကြရေး၊ အသုံးပြုပြီးလျှင် သေချာစွာငြိမ်းသတ်ခဲ့ရေး၊ လျှပ်စစ်မီးအသုံးပြုလျှင် ပျက်စီးယိုယွင်း၍ မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် ပစ္စည်းများကိုအသုံးမပြုကြရေး၊ လျှပ်စစ်မီးအသုံးပြုပြီးလျှင် မီးခလုပ်များပိတ်ရေး၊ ပလပ်ခေါင်းဖြုတ်ရေး၊ အပြင်ထွတ်သည့်အချိန်တွင် မိမိတို့နေအိမ်၌အသုံးပြုသည့်မီးများကို သေချာစွာစိစစ်ပြီးမှထွတ်ခွာကြရေး သက်ကြီးရွယ်အိုများ ကလေးသူငယ်များ မသန်မစွမ်းသူများအား မီးကိုအသုံးမပြုစေရေး၊ မီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်မီးကပ်၊ ရေပုံး သဲပုံးများ အသင့်ထားရှိရေး၊ လောင်စာဆီများစည်းကမ်းမဲ့ သိုလှောင်အသုံးပြုခြင်း ရောင်းချခြင်းများမပြုလုပ်ရေး မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်ဖုန်း ၁၉၁၊ တွံတေးမြို့နယ်မီးသတ်စခန်း ၀၄၅ ၂၀၅၀၄၄၄ သို့ ဆက်သွယ်နိုင်ကြောင်း အများပြည်သူ မီးကို “အသိ၊ သတိ” ဖြင့်သုံးစွဲကြရန် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အပတ်စဥ်ညတိုင်းအသိပညာပေးနှိုးဆော်ခြင်း၊ နေအိမ်များမီးသုံးစွဲမှုအား အခါအားလျှော်စွာ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးသား