ဒလ ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က ကျွဲလူးအိုင်ကျေးရွာရှိ ဓမ္မဒိန္နာရာမကျောင်းတိုက်၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးကုသပေးရာတွင် ဒလတပ်နယ်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရေတပ်ဆေးရုံတပ်မှူး ဓာတ်မှန်အထူးကုပါရဂူ ဗိုလ်မှူးကျော်မျိုးအောင် ဦးဆောင်၍ ဆေးတပ်ဖွဲ့ဝင်များက ကျွဲလူးအိုင်ကျေးရွာအတွင်းရှိ ဆီးချို၊သွေးတိုးနှင့် အခြားအထွေထွေရောဂါဖြစ်ပွားသူ ကျေးရွာနေ ရဟန်း၊ သံဃာနှင့် ပြည်သူစုစုပေါင်း (၁၃၅)ဦးတို့အား သက်ဆိုင်ရာ ရောဂါများအလိုက်စမ်းသပ်၍ ကုသပေးခြင်းအပြင် ဆေးဝါးများလည်း အခမဲ့ပေးခဲ့သည်။
ယင်းသို့ အခမဲ့ဆေးဝါးကုသပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူး ဗိုလ်မှူးဝင်းကျော်ထိုက်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များအား ဆောင်ရွက်ပေးခဲ့ကြသည်။
မြင့်ဇော် (ပြန်/ဆက်)