လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူး (Master Of Ceremony) သင်တန်းဖွင့်လှစ်

မိုင်းယန်း ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမ်းအနားများဖြင့် ကျင်းပပြုသည့်ပွဲများတွင် အစီအစဉ်များကို ကျွမ်းကျင်စွာ ဦးဆောင်ကျင်းပနိုင်သည့် အရည်အချင်းပြည့်ဝသော အခမ်းအနားမှူးများဖြစ်လာစေရန် ရည်ရွယ်၍ အခမ်းအနားမှူး (Master Of Ceremony) သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက  လူထုအခြေပြု ဗဟိုဌာန (community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိသည်။

ရှေးဦးစွာ သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းလှစ်ဖွင့်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းကို စတင်သင်ကြားရာတွင် အခမ်းအနားမှူးနှင့် တွဲဖက်အခမ်းအနားမှူးများ ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များ၊ အခမ်းအနားအမျိုးအစားများ၊ အခမ်းအနားမကျင်းပမီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ အခမ်းအနားကျင်းပစဉ် ဆောင်ရွက်ရမည့်အချက်များ၊ အခမ်းအနားပြီးမြောက်အောင်မြင်နိုင်ရေးအတွက် အရေးကြီးသောအချက်များအပါအဝင် ဝတ်စားဆင်ယဉ်မှု၊ ကိုယ်ဟန်အပြုအမှု၊ အသံ၊ အက္ခရာ၊ စာအဖြတ်အတောက် စသည့်သင်ခန်းစာများကို ဇန်နဝါရီ ၂၂ ရက်နေ့မှ ၂၃ နေ့အထိ ၂ ရက်တာ သင်တန်း ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၂၂) ဦး တက်ရောက်လျက်ရှိကြောင်း  သိရသည်။

ထွန်းထွန်းထူး