ရွာငံ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူသူအား အာဟာရဒါနနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက် (၇)နာရီမှစ၍ ပင်စင်လစာ ထုတ်ပေးခြင်းနှင့်အတူ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်းကာ လစဥ်ပုံမှန် (၂၂)ရက်နေ့တွင် ပင်စင်လစာများ ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါနအဖြစ် ကြာဇံဟင်းခါး၊ အခါးရည်တို့ဖြင့် ဧည့်ခံကျွေးမွေးပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးသန္တာနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူသူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချိုရောဂါစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ လိုအပ်သော ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့သည်။ ထို့နောက် မြန်မာ့စီးပွားရေးဘဏ်၏ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသော ပင်စင်လစာများကို ကြန့်ကြာမှုမရှိရအောင် စနစ်တကျ စီစဉ် ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)