မိုင်းစံမြို့ ဝမ်လီကျာင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းစံ ဇန်နဝါရီ ၂၂                    

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို  ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မိုင်းစံမြို့ ဝမ်လီကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်ပေးနိုင်မည့် ကလေးများအား ကလေးအလုပ်သမားမဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး  အဆိုးရွားဆုံးပုံစံဖြင့် ကလေးများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ရေးရာဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု အကာအကွယ်မဲ့စေသောအလုပ်များ၊ အန္တရာယ်များသော စက်ယန္တရား၊ လေးလံသောဝန်များကို သယ်ပို့သောလုပ်ငန်းများ၊ ကျန်းမာရေးထိခိုက်စေသောလုပ်ငန်းများ၊ အလုပ်ချိန်ကြာရှည်သော၊ ညရေးညတာ၌ လုပ်ရသောအလုပ်များတွင် လုပ်ကိုင်ရသော ကလေးများအား ကလေးအလုပ်သမားအဖြစ် သတ်မှတ်ကြောင်းနှင့် နိုင်ငံတော်က ကလေးအလုပ်သမားပပျောက်ရေးအတွက် အဓမ္မခိုင်းစေမှုပပျောက်ရေး၊ ဘေးကင်းပြီး ကျန်းမာသော လုပ်ငန်းခွင်ပတ်ဝန်းကျင် ဖြစ်ပေါ်ရရှိစေရေးစသည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာခဲ့ကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)