မက်မန်းမြို့နယ်တွင် စတော်ဘယ်ရီပင်များ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မက်မန်း ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ အေးကျန့်ကျေးရွာအုပ်စု၊ တောင်သူ ဦးသက်နိုင်၏ စံပြဘက်စုံစိုက်ပျိုးရေးခြံတွင် စတော်ဘယ်ရီပင်များကို ယခုတွင် စတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှုရှိကြောင်း သိရသည်။

မက်မန်းမြို့နယ်၊ အေးကျန့်ကျေးရွာ တောင်သူ ဦးသက်နိုင်၏ စိုက်ပျိုးခြံတွင် နှစ်ရှည်သီနှံပင်များ ဖြစ်သော ထောပတ်ပင်များ၊ သရက်ပင်များနှင့် လက်ဖက်များများကို စိုက်ပျိုးထားရှိရာ ယခုနှစ်တွင် ကျိုင်းတုံမြို့မှ စတော်ဘယ်ရီပျိုးပင်များ ဝယ်ယူ၍ စမ်းသပ်စိုက်ပျိုးရာတွင် အောင်မြင်မှုရှိကြောင်း သိရ သည်။ “ မက်မန်းမြို့နယ်တွင် ရာသီဥတုမျှတကောင်းမွန်ခြင်း၊ မြေဩဇာကောင်မွန်ခြင်းတို့ကြောင့် စတော်ဘယ်ရီစိုက်ပျိုးရာတွင် အောင်မြင်မှုရှိကြောင်း၊ စတော်ဘယ်ရီသီးများ စတင်သီးရာတွင် အသီးနှုန်း ကောင်မွန်မှုရှိကြောင်း၊ လာမည့်နှစ်တွင် စတော်ဘယ်ရီများကို တိုးချဲ့စိုက်ပျိုးသွားဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် စမ်းသပ်၍ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးသင့်ကြောင်း စတော်ဘယ်ရီ စိုက်ပျိုးသူ တောင်သူ ဦးသက်နိုင်ထံမှ သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)