လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိ

လားရှိုး ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ  မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်စားများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိ စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိနေပြီး  အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သိန္နီမြို့နယ်တွင် လစဉ်ပင်စင်စတင်ထုတ်ပေးသည့် (၂၁) ရက်နေ့တွင် ပျှမ်းမျှအားဖြင့် ပင်စင်စားဦးရေ (၁၅၀၀) ခန့်လာရောက်ထုတ်ယူကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)