ပင်လောင်း ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်က စနစ်တကျ ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများက စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာငွေများ အဆင်ပြေချောမွေ့စွာ လာရောက်ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်လတိုင်း (၂၁)ရက်နေ့မှ စတင်၍ နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် ပင်စင်လစာငွေများ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း(၆၄၁)ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)