တိုက်ကြီးမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။

ဦးစွာ တိုက်ကြီးခရိုင် ပညာရေးမှူး ဒေါ်စန္ဒာဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှုး ဦးဌေးဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏစွမ်းရည်ဆုရရှိ‌သော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူး၊ မြိုနယ်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောက်ကျော်စိုး၊ ဌာနဆိုင်ရာများတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဆရာဆရာမများ၊ အလှူရှင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)