ညောင်ဦး ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်းဇင်းကျေးရွာအုပ်စု၊ ရွှေလှိုင်းကျေးရွာ ဇန်နဝါရီ ၂၀ ရက်၊ နံနက် ၉ နာရီအချိန်က မီးလောင်းကျွမ်းဆုံးရှုံးခဲ့သည့် နေအိမ်မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဦးမောင်စိုး၏ (၁၅)ပေပတ်လည် သွပ်မိုး၊ ထရံကာနေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါနေအိမ်ရှိ လူဦးရေ ၅ ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ တစ်သိန်းကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေအတွက်(၁၀၅၀၀)ကျပ်၊ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၄၁၀၅၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ တစ်အိမ်ထောင်စုစာတို့အား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူသွဲ့သွဲ့အောင်တို့က မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း