ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ဘုရား (၁၁) ဆူအား မိုးကြိုးလွှဲတပ်ဆင်လျှက်ရှိရာ ဘုရားလေးဆူမိုးကြိုးလွှဲ တပ်ဆင်ပြီးဖြစ်

ညောင်ဦး ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေးအနှစ်ဒေသအတွင်းရှိ ဘုရား (၁၁) ဆူကို မိုးကြိုးလွှဲတပ်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ယခုအခါမိုးကြိုးလွှဲတပ်ဆင်ပြီး ဘုရားလေးဆူပြီးစီးသွားပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်သော်လည်း ရာသီဥတုဖောက်ပြန်မှုများနှင့်အတူ ၂၀၂၃ ခုနှစ်အတွင်း ဗူးဘုရားစေတီတော်နှင့် ဓမ္မရာဇကစေတီတော်တို့အား မိုးကြိုးစက်ကွင်းထိမှန်ခဲ့ကြောင်း ရှေးဟောင်းအဆောက်အအုံများ ရေရှည်တည်တံ့စေရန်နှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကိုလည်း အမြဲမပြတ်ဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ သမိုင်းအထင်ကရဘုရားများဖြစ်သည့် ထီးလိုမင်းလိုဘုရား၊ ဓမ္မရာဇကဘုရား၊ ရွှေဆံတော်ဘုရား၊ မဟာဗောဓိဘုရား၊ မြစေတီဘုရား၊ မနုဟာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ပြဿဒ်ကြီးဘုရား၊ ပံ့သကူမဟာထေရ်ဘုရားနှင့် သိကြားပုန်းဘုရားတို့အား မိုးကြိုးလွှဲတပ်ဆင်နိုင်ရေး ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ရှေးဟောင်းသုနေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲမှတာဝန်ရှိသူများနှင့် ဆောက်လုပ်ရေးအထူးအဖွဲ့(၇)မှ တာဝန်ရှိသူများ ရှေးဟောင်းဘုရား(၁၁)တို့ကို မိုးကြိုးလွှဲတပ်ဆင်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီး ဓမ္မရာဇကဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီနှင့်မနုဟာဘုရားတို့တွင် မိုးကြိုးလွှဲတပ်ဆင်ပြီးဖြစ်ကာ ဓမ္မရံကြီးဘုရားနှင့် ရွှေဆံတော်ဘုရားတို့တွင် မိုးကြိုးလွှဲဆက်လက်တပ်ဆင်နိုင်ရေး ငြမ်းဆင်ခြင်းလုပ်ငန်းနှင့် တိုင်းတာခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ဒီပါလင်း