အင်းစိန်မြို့နယ်၌ ဆိုက်ဘာလုံခြုံရေးအသိပညာပေး သင်တန်းဖွင့်လှစ်

ရန်ကုန်  ဇန်နဝါရီ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဆိုက်ဘာလုံခြုံရေးအသိပညာပေး သင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်( အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ဆိုက်ဘာလုံခြုံရေးအဓိပ္ပါယ်၊ဆိုက်ဘာလုံခြုံရေး၏ အရေးပါပုံ၊ CIA ပိရမစ်၊ CIA ကျိုးပေါက်မှုဖြစ်စဉ်များ၊ CIAဆိုင်ရာဉာဏ်စမ်းမေးခွန်းများ၊ ဆိုက်ဘာ တိုက်ခိုက်မှုအဓိပ္ပါယ်၊ အတွေ့ရများသော ဆိုက်ဘာခြိမ်းခြောက်မှုအန္တရာယ်များ၊Phishing တိုက်ခိုက်မှု၊ အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနသို့ တိုင်ကြားခဲ့သော ဆိုက်ဘာတိုက်ခိုက်ခံရမှုဖြစ်စဉ်များနှင့် ဆိုက်ဘာလုံခြုံရေးနှင့်နေ့စဉ်လူနေမှုဘဝစသည့်တို့ကို သင်ကြား ပို့ချသည်။

အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများက နံနက်(၁၀)နာရီမွ ညေန(၄)နာရီအထိ တစ်ရက်တာ တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)