တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၏ (၁၁၈) နှစ်ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပမည်

ရန်ကုန် ဇန်နဝါရီ  ၂၁

အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၏ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း တိရိစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ အသိပေးကြေညာထားသည်။

အဆိုပါ ပွဲတော်ကို ဇန်နဝါရီလ (၂၅) ရက်မှ (၂၈) ရက်အထိ (၄) ရက်တိုင်တိုင် တိရစ္ဆာန်ဥယျာဉ် အတွင်း၌ ပျော်ရွှင်စရာအစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲတော်တွင် Music Band & Dance PerformanceMagic Showအစီအစဉ်၊ ချစ်စရာ တိရစ္ဆာန်လိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်များ၊ သားသားမီးမီးတို့အကြိုက် ဂိမ်းအစီအစဥ်များ၊ လက်ဆောင်များရယူနိုင်မည့် အမေးအဖြေကဏ္ဍများအပြင်၊‌ ဈေးရောင်းပွဲများလည်း ပါဝင်မည်ဖြစ်သည်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်တွင် ကလေးဘဝပျော်ရွှင်လွမ်းမောစရာ အမှတ်တရများ ပြန်လည်ခံစားရင်း၊ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် ပျော်ရွှင်စရာအခိုက်အတန့်များ ဖန်တီးနိုင်ရန်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)